လိင်အလုပ်တွင် ပါဝင်သည့် လူငယ်များ ၏ တိကျသော ရည်မှန်းချက်ကို အကောင်ထည်ဖော် နိုင်ရန် စစ်တန်းကောက်ယူခြင်း ။
လိင်အလုပ်တွင် ပါဝင်သည့် လူငယ်များ ၏ တိကျသော ရည်မှန်းချက်ကို အကောင်ထည်ဖော် နိုင်ရန် စစ်တန်းကောက်ယူခြင်း ။
SMART MYANMAR သည် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရပ်ရွာအတွင်းရှိ လူငယ်များအတွက် လူနေမှုဘဝတိုးတက်စေရန် တည်ထောင်ခဲ့ပါသည်။ Smart ၏ အဓိက ပန်းတိုင်များမှ အစိတ်ပိုင်းတစ်ခုဖြစ်သည့်
• လူ့အဖွဲ့အစည်းတွင် တက်ကြွစွာ ပါဝင်ရန် လူငယ်များအား တွန်းအားပေးနိုင်ရန်
• အဆင့်တိုင်းနှင့် နယ်ပယ်အသီးသီးတွင် လူငယ်များပါဝင်လာရန် တည်ဆောက်နိုင်ရန် အတွက် SEX WORKER AND EMPOWERMENT Project ကို စတင် လုပ်ဆောင်မည် ဖြစ်ပါသည် ။ပရောဂျက်သည် လိင်အလုပ်တွင် ပါဝင်သည့် အမျိုးသား၃၀ ဦးကို ပစ်မှတ်ထားပြီး မူးယစ်ဆေးဝါး ထိုးသွင်းရာတွင်ပါဝင်သော လူငယ် 10 ဦးလည်း ပါဝင်ရန်ရည်ရွယ်ပါသည်။ပရောဂျက်၏ အဓိက ရည်ရွယ်ချက်မှာ လိင်အလုပ်တွင် ပါဝင်သည့် လူငယ်များ ၏ တိကျသော ရည်မှန်းချက်ကို အကောင်ထည်ဖော် နိုင်ရန် Life Skills နှင့် Vocational Skills Training များကို ပံ့ပိုးပေးခြင်း နှင့် HIV/AIDS ရောဂါ ကူးစက်မှု အသစ်များမှ ကူးစက်မှုနှုန်းကို လျှော့ချရန် HIV/AIDS ကြိုတင် ကာကွယ်ရေး ပညာပေးခြင်း မူးယစ်ဆေးဝါးသုံးစွဲ သူများကို ဖြတ်တောက်နိုင်ရန် Life Counselling များ ပံ့ပိုးပေးရန် ရည်ရွယ်သည် ။ ထို့ကြောင့် လိင်အလုပ်တွင် အကြောင်းအမျိုးမျိူးကြောင့် ပါဝင်သည့် ညီလေးများအနေဖြင့် မိမိသင်ယူလိုသော အသက်မွေးဝမ်းကြောင်း ပညာသင်တန်းများ ၊ ဘဝအထောက်အကူ ဖြစ်နိုင်ရန် လိုအပ်သော သင်တန်းများ ကို ကျွန်တော်တို့အား အသိပေးခြင်းဖြင့် တိကျသော ရည်မှန်းချက်ကို အကောင်ထည်ဖော် နိုင်ရန် အောက်ပါ အချက်လက်များကို ဖြည့်၍ ကျွန်တော်တို့ တရားဝင် Email & Phone Number ပေးပို့ခြင်းဖြင့် လျှောက်ထားလိုက်ပါ ။
• အမည် ( သို့ ) Nick Name
• မိသင်ယူလိုသော အသက်မွေးဝမ်းကြောင်းပညာရပ်
• နေထိုင်ရာ မြို့နယ်
• ဆက်သွယ်ရန် Phone Number
Official Email:
smartmyanmarnetwork@gmail.com

Comments
Post a Comment